MMBIXMMBIX

Everything yourTask & Operations management needs.

ဝန်ထမ်းတွေရဲ့ နေ့စဉ်လုပ်ငန်းတာဝန် (Tasks) များကို သေချာမချပေးနိုင်ခြင်း၊ အလုပ်ပြီးစီးမှု အခြေအနေကို ခြေရာမခံနိုင်ခြင်းနဲ့ နှောင့်နှေးမှုပြဿနာများကို ဖြေရှင်းလိုက်ပါ။ တာဝန်ပေးအပ်ခြင်းမှစ၍ တိုးတက်မှု ခြေရာခံခြင်းနှင့် report ထုတ်ပြန်ခြင်းအထိ တစ်နေရာတည်းကနေ စနစ်တကျ စီမံနိုင်မယ့် Custom Task Management System

Four pillars that replace a dozen disconnected tools.

Tool တစ်ခုစီအတွက် သီးသန့်ဝယ်သုံးစရာမလိုဘဲ၊ အရေးအကြီးဆုံး Core Function တွေကို တစ်နေရာတည်းမှာ စုစည်းထားပါတယ်။

Task Assignment & Allocation

ဝန်ထမ်းတစ်ဦးချင်းစီ သို့မဟုတ် ဌာနအလိုက် တာဝန်များကို ရှင်းလင်းစွာ ခွဲဝေပေးပြီး deadline များနှင့် ဦးစားပေးအဆင့် (Priority) များကို သတ်မှတ်ပေးပါတယ်။

Real-time Status Tracking

Task တစ်ခုချင်းစီရဲ့ လက်ရှိအခြေအနေ (To Do, In Progress, Review, Done) ကို Kanban Board ပုံစံဖြင့် ရှင်းလင်းစွာ စောင့်ကြည့်နိုင်ပါတယ်။

Daily Work Logs & Timesheets

ဝန်ထမ်းတွေ နေ့စဉ် လုပ်ကိုင်ခဲ့တဲ့ အလုပ်မှတ်တမ်း (Daily Logs) တွေနဲ့ ကြာမြင့်ချိန်တွေကို စနစ်တကျ ဖြည့်သွင်းစေပြီး အလုပ်တွင်းကျယ်မှုကို ခြေရာခံပါတယ်။

Performance & Accountability

ဘယ်ဝန်ထမ်းက Task တွေ အချိန်မီပြီးစီးလဲ၊ ဘယ်သူ့မှာ အလုပ်ပိနေလဲဆိုတဲ့ ဝန်ထမ်းစွမ်းဆောင်ရည် Reports များကို တိကျစွာ ထုတ်ပေးပါတယ်။

Core Features

Task Dashboard

ဝန်ထမ်းအလိုက်၊ ဌာနအလိုက် ပြီးစီးပြီးသား Task များနှင့် လက်ကျန်အခြေအနေကို ပြသမည့် Dashboard။

Task Creator

ခေါင်းစဉ်၊ ဖော်ပြချက်၊ တာဝန်ရှိသူနှင့် သတ်မှတ်ရက်များပါဝင်သည့် Tasks များကို အလွယ်တကူဖန်တီးနိုင်မည့် စနစ်။

Role-Based Assignment

သက်ဆိုင်ရာ လုပ်ငန်းကျွမ်းကျင်သူ ဝန်ထမ်းများဆီသို့ တာဝန်များကို တိုက်ရိုက်ချပေးနိုင်မည့်စနစ်။

Kanban Board View

To Do, In Progress, Review နှင့် Done အဆင့်များကို Drag & Drop စနစ်ဖြင့် ရှင်းလင်းစွာ မြင်ရမည့် Board။

Real-time Notifications

Task အသစ်ချပေးချိန် သို့မဟုတ် update တင်ချိန်တွင် သက်ဆိုင်ရာဝန်ထမ်းများထံ ချက်ချင်း အသိပေးမည့်စနစ်။

Timesheet Tracker

Task တစ်ခုချင်းစီတွင် အမှန်တကယ် အသုံးပြုခဲ့သော အလုပ်လုပ်ချိန်များကို ခြေရာခံမည့်စနစ်။

Priority Tags

လုပ်ငန်းများ၏ အရေးကြီးပုံအလိုက် High, Medium, Low စသည့် Priority တံဆိပ်များ သတ်မှတ်နိုင်မည့် Feature။

Document Attachments

Task နှင့် သက်ဆိုင်သော ဖိုင်များ၊ ဓာတ်ပုံများနှင့် စာရွက်စာတမ်းများကို တိုက်ရိုက်တွဲတင်နိုင်မည့် စနစ်။

Subtask Checklist

ကြီးမားသော တာဝန်များကို လုပ်ဆောင်ရလွယ်ကူစေရန် သေးငယ်သော subtasks checklist များအဖြစ် ခွဲမည့်စနစ်။

Employee Performance Report

ဝန်ထမ်းတစ်ဦးချင်းစီ၏ အချိန်မီ Task ပြီးစီးမှုနှုန်းထားနှင့် ကုန်ထုတ်စွမ်းအား Analytics။

Role-Based Permissions

မန်နေဂျာ၊ အဖွဲ့ခေါင်းဆောင်နှင့် ဝန်ထမ်းများအလိုက် Task ဖန်တီးခြင်း၊ ဖျက်ခြင်း လုပ်ပိုင်ခွင့်များ ကန့်သတ်နိုင်သော စနစ်။

Operations Audit Log

Task များ၏ ပြောင်းလဲမှုများ၊ update ပြုလုပ်သူများနှင့် သမိုင်းကြောင်းများကို လုံခြုံစွာ မှတ်တမ်းတင်ပေးမည့် စနစ်။

Task Management Core

Manual စာရင်းရေးသွင်းမှု ၉၉% ကို ဖယ်ရှားပေးမည့် Web နဲ့ Mobile စနစ်များ

Mobile App

ဝန်ထမ်းများ သွားရင်းလာရင်း Tasks များ စစ်ဆေးရန်၊ အလုပ်ပြီးစီးကြောင်း status update တင်ရန် သုံးမည့် Mobile App။

Web Portal

မန်နေဂျာများ နေ့စဉ်လုပ်ငန်းတာဝန်များ စီစဉ်ရန်၊ တာဝန်ခွဲဝေရန်နှင့် team performance စောင့်ကြည့်ရန် ခေတ်မီဗဟို Web Dashboard။

Ready-Made Software တွေထက် ဘာလို့ ပိုကောင်းတာလဲ?

အဆင်သင့် Software တွေရဲ့ ကန့်သတ်ချက်တွေကို ကျော်လွန်ပြီး၊ သင့်လုပ်ငန်းနဲ့ အတိအကျ ကိုက်ညီမယ့် အားသာချက်များ။

လုပ်ငန်းရဲ့ Behavior အတိုင်း (Custom-Fit System)

Trello သို့မဟုတ် Asana ကဲ့သို့ ကန့်သတ်ချက်များမရှိဘဲ၊ သင့်လုပ်ငန်း၏ ဌာနဖွဲ့စည်းပုံ၊ အတည်ပြုချက်အဆင့်ဆင့်နှင့် task workflows အတိုင်း အပြည့်အဝ စိတ်ကြိုက် တည်ဆောက်ပေးပါတယ်။

Support & Maintenance (Dedicated Support)

စနစ်အသုံးပြုရာတွင် အခက်အခဲတစ်စုံတစ်ရာရှိပါက ကျွန်ုပ်တို့၏ Dedicated Team မှ အမြဲတမ်း အသင့်ရှိနေပြီး အချိန်တိုအတွင်း ကူညီဖြေရှင်းပေးပါတယ်။

Data လုံခြုံမှု (Data Ownership)

ကုမ္ပဏီအတွင်းရေး လုပ်ငန်းစဉ်များနှင့် ဝန်ထမ်းများ၏ data အားလုံးက Third-party platform များတွင် ယိုစိမ့်မှုမရှိစေဘဲ၊ ကိုယ်ပိုင် Cloud database တွင်သာ သီးသန့် လုံခြုံစွာ ရှိနေမှာပါ။

စနစ်ဟောင်းချိတ်ဆက်ခြင်း (Seamless Integration)

လက်ရှိသုံးစွဲနေသော HR (KPI သတ်မှတ်ရန်) နှင့် Accounting (လုပ်ငန်းတွင်း အချိန်ခန့်မှန်းတွက်ချက်ရန်) စနစ်များအားလုံးနှင့် အလွယ်တကူ Integrate လုပ်ပေးပါတယ်။

Ready to organize your team tasks?

သင့်လုပ်ငန်းအတွက် သီးသန့် Task Management စနစ်များကို ဆွေးနွေးရန် ဆက်သွယ်လိုက်ပါ။